ပုလော    ၁၄    နိုဝင်ဘာ  

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းသည် ပုလောမြို့နယ် ဌာနဆိုင်ရာများ၊ကော်မရှင်အဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည် သူများအား ယမန်နေ့ မွန်းလွဲပိုင်းက ပုလောမြို့နယ် ခန်းမတွင်တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ဝန်ကြီးက မိဘပြည်သူများနှင့်တွေ့ရတဲ့အဓိကအကြောင်းအရင်းက မှတ်ပုံတင်များ ပေးအပ် ခြင်းဖြစ်ကြောင်း ၊ လူတိုင်းတွင်နိုင်ငံသား ဟုတ်၊မဟုတ် စိစစ်သည့် ကဒ်ပြားကိုင် ဆောင်ထားရမှာ ဖြစ်ကြောင်း ပုလောမြို့နယ် လဝကအနေဖြင့် (၃)လစီမံချက်ဖြင့် ထပ်တိုး၍ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်ရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားပါသည်။

 

ဆက်လက်၍ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိ သူများက ပြန်လည်ဖြေကြားပြီး ကျောက္ကာ ၊ ရှမ်းဒွတ် ၊ မီးကျောင်းသိုက် ၊ မလိ ကျေးရွာနှင့် ပလမြို့ ၊ အမှတ်(၄) ရပ်ကွက် အတွင်းဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၀၅) ကတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အေးအေးမော် (ပုလောပြန်/ဆက်)