ရေကြည်-ကျုံပျော် ကားလမ်းမပေါ်တွင် ယဉ်တိုက်မှုဖြစ်ပွားရာမှ လူနှစ်ဦး သေဆုံး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကညင်လေးပင်ရွာထိပ်အနီးရေကြည်-ကျုံပျော် ကားလမ်းမပေါ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲက ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာမှ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မြဝတီ၊ နမ့်စန်၊ မဘိမ်းနှင့် ပုံပါကျင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက် ညနေ ၄ နာရီက မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အေးသာယာ(၂)လမ်းနေ ဖြိုးဝေကျော် (ခ) ကိုဖြိုး၏ နေအိမ်ကိုရှာဖွေရာ
လှိုင်းဘွဲမြို့နယ် ကျွန်းမီးကျေးရွာတွင် လျှပ်စစ်မီးခုံ ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက လျှပ်စစ်မီးခုံ ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ
ဖားကန့်မြို့နယ်၌ မီးပလပ်ခုံအပူလွန်ကဲ၍ နေအိမ်ငါးလုံးမီးလောင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာ၌ ဧပြီ ၁ ရက် မွန်းလွဲပိုင်းက မီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်ငါးလုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ရန်ဖြစ်စကားများရာမှ ဓါးဖြင့်ထိုးသူအား အရေးယူဆောင်ရွက်
ပုသိမ်ကြီးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များသည် မတ် ၃၁ ရက်နေ့လည် ၁ နာရီ မိနစ် ၂၀ က ပုသိမ်ကြီးမြို့နယ်၊ ဇီးချိုကုန်းကျေးရွာ၊ ရေမြောင်းအတွင်း ရေကူးနေသော လူငယ်တစ်စုရန်ဖြစ်စကားများနေကြာင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စုံစမ်းရာ စွမ်းထက်အောင်(၁၇)နှစ်၊ ဥယျာဉ်ကုန်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ကျောကုန်းထိုးသွင်းဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ မြတ်သူဟိန်း ၁၇ နှစ်၊ တပ္ပဝတီရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူတွင် ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မင်းမြတ်ညီညီ ၁၆ နှစ်၊ ဥယျာဉ်ကုန်းရပ်ကွက်၊ အောင်မြေသာစံမြို့ နယ်နေသူတွင် ဝဲဘက်ခါးထိုးသွင်းဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ဖြင့် လဲကျနေသည်ကို တွေ့ရှိရသည်။
ဝက်လက်မြို့နယ် တအုံကျေးရွာ၌ ဝါယာရှော့ဖြစ်၍ မီးလောင်
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် တအုံကျေးရွာ၌ ဧပြီ ၁ ရက် ညပိုင်းက ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။
ဦးထုပ်ပြုတ်ကျသဖြင့် ဆင်းကောက်ရာမှ ကားကြိတ်မိ သေဆုံး
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် ဧပြီ ၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ က အမျိုးသားတစ်ဦး ကားကြိတ်မိသေဆုံးသွားကြောင်း ကျိုင်းလပ်နယ်မြေရဲစခန်းမှ သိရသည်။