ရေဦးမြို့ ဆေးရုံကြီးသီးသန့်ဆောင်မှ ထွက်ပြေးသော စောင့်ကြည့်လူနာကို အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ ကုတင် (၁၀ဝ) ဆံ့ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြည့်လူနာအဖြစ် တက်ရောက်နေစဉ် ထွက်ပြေးသော အမျိုးသားတစ်ဦးကို ဧပြီ ၁ ရက် ညပိုင်းက အမှုဖွင့်အရေးယူထားကြောင်း ရေဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထိုက်လင်းစိုး ထံမှ သိရသည်။







