ပျဉ်းမနားမြို့နယ်၌ ရွှေဆွဲကြိုး လုယူထွက်ပြေးသူအား ဖမ်းဆီးရမိ
ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်နေ ဒေါ်နှင်းရီ(၈၀)နှစ်သည် ဧပြီ ၅ ရက် နံနက် ၆ နာရီခွဲက ၎င်း၏နေအိမ်ရှေ့ လမ်းကြား၌ တံမြက်စည်းလှဲနေစဉ် ဦးမင်းဒင်ရပ်ကွက်နေ မထက်ထက်ဇော် (၂၀)နှစ် ရောက်ရှိလာပြီး လုံးထွေးကာ ဒေါ်နှင်းရီ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား လုယူထွက်ပြေးသွားခဲ့သည်။







