ဆိပ်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ ဆွမ်းစားကျောင်းဆောင် တစ်ဆောင်အား တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
နောင်တရားမြို့၌ နေအိမ်တစ်လုံးမီးလောင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၁) ရပ်ကွက်၊ နန်းပုလင်းလမ်းနေ ဦးမြင့်စိုးဝေ၏နေအိမ် ယနေ့နံနက် ၈ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် ရွှေဘို- မုံရွာကားလမ်း၌ ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေဘို- မုံရွာကားလမ်း၌ ဧပြီ ၇ ရက် ညပိုင်းက ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သံသယလူနာအဖြစ် စောင့်ကြည့်နေစဉ် ထွက်ပြေးသွားသူအား အလုပ်နှင့် ထောင်ခြောက်လ ပြစ်ဒဏ်ချမှတ်
ဧပြီ ၇ ရက် နံနက်ပိုင်းက မြို့နယ်တရားရုံး   တွင်တရားစွဲ ဆိုစစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် မြို့နယ်တရားရုံးက  ဦးတိုင်းထွန်းအား အလုပ်နှင့်ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့
ခင်ဦးမြို့နယ်တရားရုံးမှ ဒေသန္တရအမိန့်မလိုက်နာသူတစ်ဦးအား ထောင်ဒဏ် (၆) လ အမိန့်ချ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် (COVID-19) ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းအပေါ် လိုက်နာခြင်းမရှိသူ တစ်ဦးအား ဧပြီ ၇ ရက်နေ့ ညနေ ၄ နာရီက ခင်ဦးမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးအမှုအမှတ်- ၁၃၂/၂၀၂၀ ဖြင့် ထောင်ဒဏ် (၆) လ အမိန့်ချလိုက်ကြောင်း မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။