မြင်းခြံခရိုင် တောင်သာမြို့နယ် တံတားကျေးရွာအုပ်စု အနောက်တံတားကျေးရွာမှ လက်မှုလုပ်ငန်းဖြစ်သည့် ခြင်းလျားတောင်းလုပ်ငန်းအောင်မြင်ကာ ရက်လုပ်သမျှ ရောင်းကုန်ကြကြောင်း တံတားအနောက်ကျေးရွာမှ ခြင်းလျားတောင်းလုပ်ငန်း လုပ်ကိုင်လာသည့် အသက်(၇၀)အရွယ် ဦးသောင်းကြည်က ပြောပြသည်။