မိတ္ထီလာတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ ဧက ၁၂၅၇ဝ  လျာထားစိုက်ပျိုးမည်     

မိတ္ထီလာ  ၂၅  ဇွန် 
    

မိတ္ထီလာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ ၁၂၅၇ဝ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်ငြိမ်း ထံက သိရသည်။
    

မိတ္ထီလာမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မိုးနှောင်းချည်မျှင်ရှည်ဝါ ၁၂၅၇ဝ ဧက လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ မိတ္ထီလာမြို့နယ်အတွင်းမှာ လိန်တော၊ ရေချို၊ လှည်းပွဲ ၊ ဝါးရုံကျေးရွာများမှာ ဝါကို အဓိက စိုက်ပျိုးပြီး ရွှေတောင် ၈ ၊ ငွေချည် ၆ ၊ ငွေချည် ၉   မျိုးကောင်းမျိးသန့်တွေကိုရွေးချယ်စိုက်ပျိုးကြတယ်။ ဝါတစ်ဧက အထွက်နှုန်း ပိဿာ ၈၀ဝ ကနေ  ပိဿာ ၁၀ဝ၀ ကြား ထွက်ရှိဖို့အတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းပညာ အသိပညာပေးဟောပြောမှုတွေကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်ဟု  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်း က ပြောသည်။
    

မိတ္ထီလာတွင် ယခုနှစ်စိုက်ပျိုးမည့် မိုးနှောင်းချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးမြှင့်စေရေးအတွက် သိပ္ပံနည်းစိုက်ပျိုးနည်းစနစ်များဖြစ်သည့် ထယ်ရေးကောင်းမွန်ရန် ၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရန်၊ စိုက်စနစ်ကို ရွေးချယ်မှုမှန်ကန်ရန်၊ ဝါပင်ကျင်းလပ်ဖာရန် ၊ သားခွဲခြင်း အချိန်မှန်ရန်  စသည်နည်းပညာများကို ဒေသခံတောင်သူများအား အသိပညာပေးဟောပြောခြင်း ၊ မျိုးစေ့ထုတ် ၁၀ ဧက ၊ မျိုးယှဉ်ပြိုင် စံပြကွက် ၇ ဧက ၊ အထူးဇုန် စံပြကွက် ၁၀ဝ ဧက တို့အတွက် မျိုးဝါစေ့များ အခမဲ့ဖြန့်ဖြူးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


ချမ်းသာ(မိတ္ထီလာ)