မင်းဘူးဒေသ ငရုတ်စိုက်တောင်သူများ အထွက်ကောင်းပြီး ဈေးနှစ်ဆရ၍ အဆင်ပြေ
မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းရွာတွင် ငရုတ်ကို တစ်ရွာလုံးက ရေသွင်းစိုက်ပျိုးကြပြီး ငရုတ်အထွက်နှုန်းများကောင်းကာ ယမန်နှစ်ကထက် တစ်ပိဿာချင်းဈေး နှစ်ဆပိုရသည့်အတွက် ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။







