ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန် ထန်းပင်မြစ်ပျိုးထောင်ရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့တို့တွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် ထန်းပင်မြစ်ပွဲစားများ ထန်းပင်မြစ်ရောင်းချခြင်း၊ တစ်ဆင့်ယူပွဲစားများ နယ်ဝေးပို့ ရောင်းချခြင်းဖြင့် အဆင်ပြေတွက်ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမှ ထန်းပင်မြစ်ပွဲစား ဦးပေါ်လာက ပြောပြသည်။