ချီဖွေမြို့၌ ရာသီပေါ် နှစ်ရှည်လိမ္မော်ပင်များ အောင်မြင်ဖြစ်ထွန်း

ချီဖွေ ၊ ၂၁ ဒီဇင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နှင့် (၇)မိုင်ခန့်အကွာတွင် တည်ရှိသည့် ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးတွင် စိုက်ပျိုးထားသော ရာသီပေါ် နှစ်ရှည် လိမ္မော်သီးပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

 

“လိမ္မော်ပင်စိုက်နည်းက နှစ်နီးရှိပါတယ်။ ကိုင်းကူးစိုက်တာနဲ့ အစေ့ပျိုးစိုက်နည်းပါ။ အစေ့ပျိုး စိုက်နည်းကတော့ (၇)နှစ်နဲ့ (၁၀)နှစ်လောက်မှ အသီးသီးပါတယ်။ ကျွန်တော်ကတော့ ကိုင်းကူးစိုက်တာပါ။ ကိုင်းကူးစိုက်တာတော့ (၅)နှစ်လောက်ဆို အသီးသီးပါပြီ” ဟု လိမ္မော်စိုက် တောင်သူ ဦးဂျီခေါယိန်းက ပြောသည်။

 

အဆိုပါ လိမ္မော်သီးများကို တရုတ်ပြည်နယ်စပ် ပန်ဝါနှင့် မြစ်ကြီးနားဘက်မှ လာရောက်ဝယ်ယူကြပြီး သီးသည့်နှစ်ပေါ်မူတည်၍ ငွေကျပ်(၁၀)သိန်းမှ သိန်း(၄၀)ဝန်းကျင်အထိ ရရှိကြောင်းနှင့် ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မြစ်ကြီးနားဘက်တွင် အရောင်းအဝယ်နည်းပါးကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ချီဖွေမြို့နယ် တောင်ပေါ်ဒေသ၏ တောတောင်ရေမြေအရ ပိုးသတ်ဆေးအသုံးမပြုဘဲ သဘာဝမြေဩဇာစစ်စစ် အသုံးပြုသည့်အတွက် နှစ်ရှည်လိမ္မော်သီးနှံပင်များ ဖြစ်ထွန်း၍ မိသားစုဝင်ငွေရရှိကြောင်း သိရှိရသည်။

 

နန်းမြင့် (မြို့နယ် ပြန်/ဆက်)