ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ တွမ်ခရူးစ် ပင်တိုင်ပါဝင်ထားတဲ့ Mission: Impossible ရုပ်ရှင်တွေရဲ့ ရုပ်ရှင်သစ်နှစ်ကား ရုံတင်ပြသဖို့ရာ နှောင့်နှေးနေဦးမှာဖြစ်ပြီး အဆိုပါ ရုပ်ရှင်တွေကို ၂၀၂၃ နဲ့ ၂၀၂၄ မတိုင်မီ ပြသနိုင်ဦးမှာမဟုတ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။