အင်ဒိုနီးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ စတင်ဆောင်ရွက်
အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှား ရူပီးယား ၁၅၅ ဒသမ ၁၂ ထရီလီယံ (ကန်ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ) တန်ကြေးရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်း ၄၇ ခုကို စတင်ဆောင်ရွက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဝန်ကြီး ဘာလီလာဟာဒါလီရာက မတ် ၁၇ ရက်က ပြောကြားသည်။







