တရုတ်နိုင်ငံ အာကာသယာဉ်မှူးများ အာကာသအတွင်းမှသင်ခန်းစာ ဒုတိယအကြိမ်ပို့ချ
တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် ရှန်ဇူး-၁၃ အာကာသယာဉ်မှ ယာဉ်မှူးများသည် တရုတ်အာကာသစခန်းမှနေ၍ တရုတ်နိုင်ငံရှိ ကျောင်းသားများအား သိပ္ပံပညာဆိုင်ရာ သင်ခန်းစာများ ဒုတိယအကြိမ် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


