မဲလ်ဘုန်းမြို့ကို အသွားအလာ ကန့်သတ်မှုအောက်တွင် ပြန်လည်ထားရှိ

ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မဲလ်ဘုန်းမြို့ကို အသွားအလာ ကန့်သတ်မှုအောက်မှာ ပြန်လည်ထားရှိကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ကြေညာလိုက်ပါတယ်။
ဟောင်ကောင်မှာ TikTok အက်ပလီကေးရှင်း သုံးစွဲခွင့် ရပ်ထားကြောင်း TikTok ပြောကြား
ဟောင်ကောင်မှာ လက်တလော အခြေအနေတွေကြောင့် TikTok အက်ပလီကေးရှင်း သုံးစွဲခွင့်ကို ရပ်ဆိုင်းထားကြောင်း ကုမ္ပဏီက တနင်္လာနေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာပါတယ်။
မွန်ဂိုလီးယားတွင် ရေကြီးမှုဖြစ်ပွား လူရှစ်ဦးနှင့် တိရစ္ဆာန်ကောင်ရေ ၇၀ဝ၀ ကျော် သေဆုံး
မွန်ဂိုလီးယားပြည်နယ် အချို့တွင် ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားပြီး လူ ရှစ်ဦးနှင့် တိရစ္ဆာန်ထောင်ချီ သေဆုံးခဲ့ပြီး ထောင်ချီရှိသော လူနေအိမ်များ မျောပါသွားခဲ့သည်ဟု နိုင်ငံအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ(NEMA)  က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၄ ဦးရှိ
တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၄ ဦး ရှိလာပြီး ကူးစက်ခံရသူပေါင်း ၁၃၁၈၁ ဦး အထိ မြင့်တက်လာသည်။
အွန်လိုင်း သင်ခန်းစာ သင်ယူမယ့် ကျောင်းသားများအား အမေရိကန်ဗီဇာ မပေးတော့ကြောင်း ထုတ်ပြန်
အမေရိကန်နိုင်ငံမှာ ဆောင်းဦးတွင် စတင်မယ့် ပညာသင်နှစ်ကို  အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးရန် စီစဉ်နေတဲ့ ကျောင်းတွေမှာ ပညာသင်ယူမယ့် ကျောင်းသားတွေအား ပြည်ဝင်ခွင့်ဗီဇာ မပေးတော့ကြောင်း တနင်္လာနေ့က ကြေညာပါတယ်။ 
အင်ဒိုနီးရှား အနောက်ပိုင်း၌ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် မထုတ်ပြန်
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်း အလယ်ပိုင်းတွင် ယနေ့ နံနက်ပိုင်းက အင်အား ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ ဖြစ်ပေါ်မည့် အလားအလာ မရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသနှင့် ဘူမိဗေဒအေဂျင်စီက ပြောကြားခဲ့သည်။