သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်
သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရေချိန် မီလီမီတာ ၁၅၀ အထက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအတွင်းရှိ နေရာအများအပြားတွင် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်လာနိုင်သည်ဟု သီရိလင်္ကာသဘာဝဘေးစီမံခန့်ခွဲ့ရေး စင်တာ (ဒီအမ်စီ )က ယမန်နေ့က သတိပေးပြောကြားခဲ့သည်။




