နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၀ ဦး သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဘူချီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကြာသေးမီက ရေကြီးရေလျှံမှုဖြစ်ပွား ခဲ့ရာ လူ ၁၀ ဦး ထက်မနည်းသေဆုံးကြောင်း ဒေသန္တရကယ်ဆယ်ရေးအေဂျင်စီတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။






