နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၁၈ ဦး ထပ်မံတွေ့ရှိ

နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၁၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ကိုးဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်-ဒီစီ၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း ဝါရှင်ဒန်-ဒီစီတွင် ယမန်နေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၃၆ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၃၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၇၆၅၁၈၈ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၃၃၇၁ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၂၅

 

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၆၄၉ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀၀၀၀ အောက်လျော့ကျခဲ့ပြီးနောက် နှစ်ရက်အကြာ ရောဂါနေ့စဉ်ကူးစက်မှု တဖန်မြင့်တက်လာကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၇၀ ထက်မနည်းသေဆုံး၊ ၂၅၀ ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံတွင် ဇူလိုင်လမှစတင်ကာဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့်  ပြီးခဲ့သည့်လအတွင်း  လူ ၁၇၀ ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း ပါပူအာပြည်နယ်ရှိ ဆိုရန်မြို့တွင် ယမန်နေ့က  ၁ ဒသမ ၅ မီတာရှိရေကြီးရေလျှံမှုဖြစ်ပွားကာ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့သည်ဟု ထိုပြည်နယ်ရှိ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအေဂျင်စီက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။