နိုင်ဂျီးရီးယားတွင် သီတင်းပတ် တစ်ပတ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၅ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
နိုင်ဂျီးရီးယား နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၅ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသဖြင့် စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း ကျန်းမာရေး အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။








