ယူဂန်ဒါနိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားသဖြင့် လူ ၃၂ ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

ယူဂန်ဒါနိုင်ငံ အနောက်ပိုင်း ကာစီစီခရိုင်တွင် ယမန်နေ့က ယာဉ်မတော်တဆမှု ဖြစ်ပွားသဖြင့် လူ ၃၂ ဦး သေဆုံးပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ တစ်ခုက ပြောကြားသည်။
ပါကစ္စတန်တွင် တရုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု စတင်
ပါကစ္စတန်ဝန်ကြီးချုပ် အီမာရန်ခန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားမှု တစ်စိတ်တစ်ပိုင်း အနေဖြင့် တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံမှုကို ယမန်နေ့က စတင်လုပ်ဆောင်ခဲ့သည်။
ဂျပန်နှင့် အမေရိကန် စစ်ရေးကုန်ကျစရိတ် မျှဝေကျခံမှု ဆွေးနွေး
ဂျပန်နှင့် အမေရိကန် နိုင်ငံတို့သည် ဂျပန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့များ တပ်စခန်းချထားသည့် စစ်ရေး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံက မျှဝေကျခံမှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
ဉရောပသမဂ္ဂနိုင်ငံများက သက်ကြီးရွယ်အိုများ  AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ခွဲဝေချထားပေး
ဉရောပသမဂ္ဂနိုင်ငံများက AstraZeneca နှင့် Oxford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို သက်ကြီးရွယ်အိုများအား ထိုးနှံပေးရန် ခွဲဝေချထားပေးသည်။
တရုတ်က ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ပံ့ပိုးပေးရန် ကတိကဝတ်ပြု

 

ဂျပန်ဝန်ကြီးချုပ်ဆူဂါက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေအား သက်တမ်းတစ်လ ထပ်တိုး

 

ကိုလံဘီယာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၄၀၀၀ ကျော်ရှိ
ကိုလံဘီယာနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ  ၂၈၉ ဦး ရှိပြီး သေဆုံးသူပေါင်း ၅၄၂၇၂ ဦး အထိရှိလာကြောင်း ကျန်းမာရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။