ဖိလစ်ပိုင်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်ရှိလာ

mdn

 

မနီလာ ဇူလိုင် ၂၂

 

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၆၅၆၀ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်  ခံရသူပေါင်း ၁၅၂၄၄၄၉ ဦးရှိလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန် သည်။

 

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၃၂ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၂၆၈၇၄ ဦးရှိလာသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသည့် ကျန်းမာရေး ဝန်ထမ်းပေါင်း ၁၀၁ ဦးရှိပြီဖြစ်သည်။ ဇူလိုင် ၁၉ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသည့် ကျန်းမာရေး  ဝန်ထမ်းပေါင်း ၂၁၂၄၅ ဦးရှိကြောင်း သိရသည်။

 

လူဦးရေ သန်း ၁၁၀ ဝန်းကျင်ရှိသည့် ဖိလစ်ပိုင် နိုင်ငံ၌ ပြည်သူ ၁၅ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်