ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး အခြေခံငါးမွေးမြူရေးသင်တန်း ဖွင့်လှစ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံငါးမွေးမြူရေးသင်တန်းကို စက်တင်ဘာ ၉ ရက်၊ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံပြည့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။





