ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ၉၀ဝ ကျော်အား ငွေကြေးထောက်ပံ့
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် ငွေကြေးထောက်ပံ့ခြင်းကို စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ (၃)နာရီက မြိုန့ယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။





