ပိတ်ရက်အတွင်း ပုံမှန်ထက် ခရီးသွားပိုများကြောင်း မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းမှ သိရ
မကွေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်းတွင် သီတင်းကျွတ်ရုံးပိတ်ရက်များ အတွင်း ဌာနေပြန်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် ခရီးသွားပြည်သူများဖြင့် ယနေ့ အောက်တိုဘာ ၁၁ ရက်၊ နံနက်က စည်ကားလျက်ရှိသည်။







