ပိုင်ကျုံ ၁၁ အောက်တိုဘာ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ အနှိုင်းမဲ့ဆုပန်ပြည့် ရွှေတိဂုံပုံတူဘုရား၌ နံနက်(ဝ၇းဝဝ)အချိန်တွင် သီတင်းကျွတ် လပြည့် နေ့ ဆီမီးတစ်ထောင်မီးထွန်းပွဲ စည်ကားသိုက်မြိုက်စွာ ထွန်းလင်းကျင်းပနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ မြို့မသာသနာ ဆရာတော်အရှင်ဓမ္မသီရိ(သာသနတက္ကသီလ မဟာဓမ္မာစရိယ၊M.A)နှင့် ပရဟိတကျောင်းသား/ကျောင်းသူများ၊ ပိုင်ကျုံမြို့ (ခေတ္တ)အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဘုရားရင်ပြင်တော်တွင် မီးသတ်ကားဖြင့်ရေဖြန်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ပြီး ဘုရားဝင်းပတ်ဝန်းကျင်ပတ်လည်တွင် အမှိုက်ကောက်သန့် ရှင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)


