အမ်းမြို့နယ်၌ သစ္စာရှင်နှင့်ရွှေဆေးအမှတ်တံဆိပ် အဆစ်အမြစ်နာ အကိုက်အခဲပြောက်ဆေး ၆၅၇ ထုပ်အား မီးရှို့ဖျက်ဆီး

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြား မိတ်ဖက် ဌာန/အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာ ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူပေါင်းကာ အောက်တိုဘာလ(၅)ရက်နေ့ တပ်တောင်မြို့ ၊ အမှတ်(၃)ရပ်ကွက်၊ ဈေးအပြင်တန်းအတွင်းရှိ  ဆေးဆိုင်(၇)ဆိုင်အား ရှောင်သခင်စစ်ဆေးခဲ့ရာ FDA မှတားမြစ်ထုတ်ပြန်ထားသော သစ္စာရှင်နှင့်ရွှေဆေးအမှတ်တံဆိပ် အဆစ်အမြစ်နာ အကိုက်အခဲ ပြောက်ဆေး(၆၅၇)ထုပ်အား သိမ်းဆည်းရမိခဲ့
ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများအတွက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုတိကျသော အချက်အလက်များရရှိစေရန် ရည်ရွယ်၍ ကျေးလက်ရေပေးရေး ဆိုင်ရာ အချက်အလက်များအား RWSMIS Application အသုံးပြု ကောက်ယူခြင်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ
ခမောက်ကြီးမြို့၌ ခွေးရူးပြန် ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်
ကော့သောင်းခရိုင် ခမောက်ကြီးမြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှုဖြင့် ခွေးရူးပြန် ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီတွင် ခမောက်ကြီးမြို့၊ အမှတ်(၁) ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးနှင့် မြခွာညို လမ်းဆုံ၌ စတင်ထိုးနှံပေးခဲ့
မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၈)အထူးဇုန် စိုက်ကွင်းတွင် တစ်ဧက ဝါပိဿာ ၇၅၀ ထွက်ရှိ
မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာဧရိယာအတွင်းရှိ လှည်းပွဲ ကျေးရွာ ကွင်းအမှတ် ၁၀၉၁ နှင့် ၁၀၉၄အတွင်းရှိ တောင်သူ(၂၇)ဦး၏ မိုးနှောင်း ချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) အထူးဇုန် စိုက်ကွင်း စိုက်ဧက(၅၀)တွင် တစ်ဧက ဝါပိဿာ ၇၅၀ ထွက်ရှိကြောင်း သိရ
မကွေးခရိုင်ပြန်/ဆက်ရုံးတွင် စာအုပ်ဈေးရောင်းပွဲကျင်းပမည်
မကွေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိတ်ကူးချိုချိုစာအုပ်တိုက်တို့ ပူးပေါင်းစီစဉ်မှုဖြင့် စာအုပ်ဈေးရောင်းပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးဝင်း အတွင်းတွင် အောက်တိုဘာ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်
မန္တလေးမြို့တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အစိမ်းရောင်ဘဏ္ဍာရေး ဆွေးနွေးပွဲ ကျင်းပ
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် World Wide Fund For Nature (WWF) တို့ ပူးပေါင်းကျင်းပသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အစိမ်းရောင်ဘဏ္ဍာရေး ဆွေးနွေးပွဲ ကို မန္တလေးမြို့၊ ၇၈လမ်း၊ ရတနာပုံ စူပါစင်တာလေးလွှာရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း(MRCCI) တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်
ပွင့်ဖြူမြို့နယ် လယ်မကျေးရွာနှင့် ကျွဲခြံကျေးရွာရှိ တောင်သူများအား လျှပ်စစ်မြစ်ရေတင် စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လယ်မကျေးရွာနှင့် ကျွဲခြံကျေးရွာရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ လျှပ်စစ်မြစ်ရေတင် စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေဆောင်ရွက် ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန         (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးစည်သူဖြိုးဝင်း ထံမှ သိရ