မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် တက်ရောက်ခဲ့သည်။




