နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာ ဘုံကထိန် ပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်
နေပြည်တော်တပ်ကုန်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်း များ၊ ဌာနဆိုင်ရာရုံးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာပြည်သူများ၊ တပ်နယ်တပ်ရင်း တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့မှူးရုံးနှင့်ရဲစခန်း၊ ပုဂ္ဂလိကဘဏ်များ၊ တစ်ဦးချင်း စေတနာရှင်တို့က လှူဘွယ် ပစ္စည်းများအား ပုံသဏ္ဍာန်အမျိုးမျိုးပြုလုပ်ကြပြီး၊ ပဒေသာပင် အလှစည်းကာ အိုးစည် ဗုံမောင်း ဖြင့် မြို့တွင်းလှည့် လည်ပြသပြီးနောက် မြို့နယ် ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးသို့ ပို့ဆောင်ကြ၍ ငါးရက်၊ငါးညတိုင် ခင်းကျင်းပြသထားပြီး ပဒေသာပင် လှူဘွယ်ပစ္စည်းများကို ကထိန်အာနိသင်ရ ကျောင်းများ၊ အထူးပင့် ဆရာတော်ကြီးများနှင့် အထူးပင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းသည့် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၇ရက် နံနက် ၉ နာရီခွဲက အဆိုပါ ပွဲတော် မုဒ်ဦးရှေ့၌ ကျင်းပကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ဉတ္တရခရိုင် ခေတ္တခရိုင်ရဲမှူး ရဲမှူးအေးမင်း၊ မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ဦးစီးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်ဂေါပကအဖွဲ့ဉက္ကဌ ဦးဇော်လွင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့်တာ ဝန်ရှိသူများက ပဒေသာပင်လှူဘွယ်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြ




