မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ မြို့တွင်း လှည့်လှည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ကုမ္ပဏီများစုပေါင်း၍ နဝမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် လှူဒါန်းကြမည့် ပဒေသာပင်(၈၃)ပင်နှင့် လှူဖွယ်ပစ္စည်းများကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲက ပြည်သူများသဒ္ဒါပွားများ နိုင်စေရန်အတွက် မော်တော်ယာဉ်များဖြင့် တင်ဆောင်ကာ အိုးစည် ဒိုးပတ်ဝိုင်းများက ကထိန်အလှူတော်မင်္ဂလာ သီချင်းများဖြင့် လေးကျွန်းဆီမီး စေတီတော်အရှေ့ စုရပ်မှစတင်ကာ မြို့တွင်း လှည့်လှည်ခဲ့ကြ






