လွိုင်ကော် တန်ဆောင်တိုင်ပွဲတော်အား အလှမီးပုံး အလုံး ၄၀ဝ ဖြင့် တစ်ပြိုက်နက် လွှတ်တင်ပူဇော်ဖွင့်လှစ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ ဒုတိယအကြိမ်မြောက် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည(၇)နာရီက လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်ကွင်းအတွင်း၌ ကျင်းပပြုလုပ် ခဲ့သည်။








