ရှေးဟောင်း သမိုင်းဝင်ရန်အောင်မြင်စေတီတော်ကြီး၌ နဝမအကြိမ်မြောက် ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာတွင်တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် စေတီတော်ကြီး၏ နဝမအကြိမ်မြောက် ဆီမီးတစ်သောင်းထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာ ၁၁ရက် ညနေ ၅ နာရီတွင် ကျင်းပခဲ့
ပဲခူးမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် နဝမအကြိမ်မြောက် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကျင်းပ

ရွှေစည်းခုံ စေတီတော် အကြိမ် (၉၆၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လုံးနှင့် စာရေးတံမဲ လောင်းလှူပူဇော်ပွဲကျင်းပ
မဟာရာဇသီရိ အနိရုဒ္ဓဒေဝ အနော်ရထာမင်းတရားကြီးနှင့် သီရိတြိဘဝနာဒိတျဓမ္မရာဇ ကျန် စစ်သား မင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့်အံ့ဖွယ်ကိုးစုံရွှေစည်းခုံစေတီတော်၏ အကြိမ် (၉၆၀) မြောက် ဆွမ်းသပိတ်လုံးနှင့်စာရေးတံမဲလောင်းလှူပူဇော်ပွဲအား နိုဝင်ဘာ ၁၁ရက် (တန်ဆောင် မုန်းလ ပြည့်နေ့)နံနက် ၇နာရီမှစတင်ကာ စေတီတော်ကြီးအရှေ့တောင်ထောင့် ရင်ပြင်တော်ပေါ်တွင် လောင်းလှူပူဇော်ခဲ့ကြောင်း ရွှေစည်းခုံဘုရား ဂေါပက ဒုတိယ ဥက္ကဌ(၁)၊ဦးဝင်းမောင်မြင့် မှပြောပြ ၍သိရ
မင်းလှမြို့၌  မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ရှားဆီမီး ၂၅၀၀ မီးမျှောပူဇော်ပွဲ ပျော်ရွှင်စွာဆင်နွှဲ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ဟိုပုံးမြို့နယ်အတွင်း နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ အထင်ကရနေရာဖြစ်သော သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော် ဘုရားကြီး၏ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်မှ ၈ ရက်ထိ (နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်ထိ ) ၅ ရက်တိုင်တိုင် သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့ပွဲခင်း ကျင်းပရာ မြေကွက်ပေါ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ
မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ည နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲ ခြိမ့်ခြိမ့်သဲ စည်ကား

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့