ကလေးစာပေပွဲတော်(ကျိုက်လတ်) အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော်(ကျိုက်လတ်) အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်နေမှုများကို ယနေ့နံနက် ၁၀ နာရီက ကျိုက်လတ်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ၌ ကျင်းပသည်။
ယုဇနဥယျာဉ်မြို့တော် ကံ့ကော်လမ်းမကြီးဘေးရှိ ကျူးကျော်ဈေးတန်းများ သတ်မှတ်နေ့တွင် ဖျက်သိမ်းကြရန် သက်ဆိုင်ရာမှ အသိပေးကြေညာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄)ရပ်ကွက် (ယုဇနဥယျာဉ်မြို့တော်) ကံ့ကော်လမ်းမကြီး ဝဲယာတွင်ရောင်းချနေသည့် ကျူးကျော်ဈေးဆိုင်တန်းများအား ယုဇနဈေးသစ်ကြီးတွင် နေရာချထားပေးပြီး ရောင်းချကြရန် မြို့နယ်တာဝန်ရှိအဖွဲ့စုံဖြင့် နိုဝင်ဘာ ၁၅ ရက်က ဈေးဆိုင်တန်းများအား စာရင်းကောက်ယူခဲ့ပြီးဖြစ်သည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိမ်တွင်သုံး လျှပ်စစ်ဝိုင်ယာကြိုး တပ်ဆင်နည်းသင်တန်း ရေကြည်မြို့နယ်တွင် ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး‌ဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိမ်တွင်းသုံး လျှပ်စစ်ဝိုင်ယာကြိုး တပ်ဆင်နည်းသင်တန်း နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်း-၂၀၁၉ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC) ၌ ကျင်းပမည်
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပြခန်းနှင့် ပြကွက်ပေါင်း ၉၀ ကျော် ပါဝင်ပြမည့် သိပ္ပံပွဲခင်း-၂၀၁၉ ကို ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ
မြောင်းမြမြို့နယ် ကံကွင်းကျေးရွာနှင့် ကံသာကုန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်များဖွင့် 
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံကွင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၁၉ ခုနှစ် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ အ.ထ.က(၁) ကျောင်းတွင် ကျင်းပခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများတွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက ပန်ဆိုးတန်းလမ်းရှိ အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။