မြန်မာ-ကိုရီးယား သွားဘက်ဆိုင်ရာ ပညာရှင်များ သွားနှင့် ခံတွင်း ရောဂါ အခမဲ့ကွင်းဆင်းကုသ
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်အမျိုးသား တက္ကသိုလ် သွားဘက်ဆိုင်ရာဆေးရုံကြီး (Seoul National University Dental Hospital)တို့အကြား နှစ်နိုင်ငံ ပညာရေး ပူးပေါင်း ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ် ပါမောက္ခ ယောင်ဂျေကင်(Prof.Young Jae Kim) ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာ ၂၅ မှ ၂၇ ရက်အထိ ကာကွယ်ရေးနှင့် လူထု သွားကျန်းမာရေး ပညာဌာနမှ ဆရာ၊ ဆရာမများ၊ အလုပ်သင် ဆရာဝန်များ၏ ကွင်းဆင်းကုသရေးခရီး၌ အတူလိုက်ပါ၍ ကုသရေးလုပ်ငန်းများဆောင်ရွက်ကြ







