ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်ကျင်းပ
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းကျင်းပသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။







