ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားရုံး စစ်တမ်းကောက်ယူခြင်း ဒေသဆိုင်ရာ ဆရာဖြစ် သင်တန်းဖွင့်ပွဲကျင်းပ
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် USAID-PRLM တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ တရားရုံးစစ်တမ်း ကောက်ယူခြင်းနှင့် ဒေသဆိုင်ရာဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် သုံးထပ်ဆောင် သင်တန်းခန်းမ၌ ကျင်းပသည်။




