ကျေးရွာအုပ်စုအတွင်းရှိ စီ/ထောက်ကော်မတီကျေးရွာများ၏ ဦးစားပေးသော အခြေခံ အဆောက်အဦနှင့် ကျေးရွာအုပ်စုထောက်ပံ့ငွေများ ချမှတ်ခြင်းတို့အတွက် ဆွေးနွေးမှုများ ညှိနှိုင်းမှု များနှင့် သဘောတူညီမှုများရရှိစေရန်၊ ကျေးရွာအုပ်စုဖွံ့ဖြိုးရေးအစီအစဉ် ထွက်ပေါ်လာစေရန်၊ အမျိုးသမီးများ ပါဝင်ရန်နှင့် စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ရာတွင် အမျိုးသမီးများ ထည့်တွက်သည့် လုပ်ငန်းခွဲများ ပါဝင်မှုရှိရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် ရှမ်းပြည်နယ် (တောင် ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်း (ပေါ်) ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ကျေးရွာအုပ်စု အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရ