ဒုတိယဝန်ကြီး ဉီးကျော်လင်း မြစ်သာမြစ်ကူးတံတား တည်ဆောက်မည့်နေရာ၊ ရေဉီး - ကလေးဝလမ်းနှင့် မူးမြစ်ကူးတံတား (ရေဉီး) တည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဉီးကျော်လင်းသည် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ကလေးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန ရန်ပုံငွေဖြင့် မြစ်သာမြစ် ကူးတံတားအသစ်တည်ဆောက်မည့်နေရာ Alignment အား ကလေးမြို့နယ်၊ ထိုမာရွာဘက် ကမ်းမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။






