မိုးနဲမြို့၌ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌကိုယ်စား မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ
မိုင်းယောင်း၌ ရွှေစည်းခုံပုံတူ ဝိဇယာရာမစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အရံစေတီထီးတော်များနှင့် ရတနာရွှေပန်းခိုင်များ တင်လှူပူဇော်
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော ဝိဇယာရာမ ရွှေစည်းခုံပုံတူ စေတီတော်မြတ်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အရံစေတီထီးတော်များနှင့် ရတနာရွှေပန်းခိုင်များ တင်လှူပူဇော်ပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့