မိုးနဲမြို့၌ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းကျင်းပ

မိုးနဲ ၂၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌကိုယ်စား မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

78924

 

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးကျော်သူရက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ်  ပထမသုံးလပတ် အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းရန် အဆိုပြုချက်များကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေးစီမံကိန်း Myanmar Sustainable  Development Plan (MSDP) နှင့်ချိတ်ဆက်၍ ပြည်သူတို့၏ လိုအပ်ချက် အားလုံးပါဝင်အောင် ဌာနဆိုင်ရာများအနေဖြင့် ရေးဆွဲအဆိုပြု တင်ပြရန်လိုအပ်ပါကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာ များက လုပ်ငန်းစီမံကိန်းများအလိုက် သိရှိလိုသော အချက်များအား ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)