မိုင်းဖြတ်၌   ကျေးရွာ ၅ ရွာအား ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ၅ရွာကို ရေးပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့၌ တတိယအကြိမ်မြောက် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် နတ်တလင်းမြို့စာပေချစ်သူများ ပူးပေါင်း ကျင်းပသော တတိယအကြိမ်မြောက် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေး ရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက ရန်ကုန်- ပြည်လမ်းရှိ အခြေခံ ပညာအထက်တန်းကျောင်းရှေ့မုခ်ဦးတွင် ကျင်းပသည်။ 
တာပွန်မြို့တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံသစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ တာလွှတ်ပေးခဲ့ကြောင်း သိရသည်။
ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းသို့ (ဒုတိယနေ့) တွင် လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကား 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (ကျုံပျော်) ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ဒုတိယနေ့)ကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။ 
တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့် စာပေဟောပြောပွဲကျင်းပ
နေပြည်တော် တပ်ကုန်းမြို့နယ်စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့်စာပေဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ  ၁၀ ရက် ည၇ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။
ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲကျင်းပ
ရှေးဦးစွာ ကျောင်းဆောင်သစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်၊  မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသော ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။