ကျိုင်းတုံမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေး

စာကြည့်တိုက်နှင့် ဝေးကွာသည့်နေရာများမှ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဗဟုသုတ တိုးပွားရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရွှေဘို၌ ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော မဟာဓာတ်အားလိုင်း(၁၇၈.၅၆)မိုင်နှင့် ၂၃၀ / ၃၃ / ၁၁ ကေဗွီ ၁၀ဝ အမ်ဗွီအေ ရွှေဘိုပင်မ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ရွှေဘိုပင်မဓာတ်အားခွဲရုံ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် ရွေ့လျားယာဉ်ငယ်ဖြင့် အသိပညာပေးဟောပြော
စစ်ကိုင်းမြို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည်  ဇန်နဝါရီ ၁၁ ရက် နံနက်(၈)နာရီက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြောခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့) ပေး‌ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။      
ရေစကြိုမြို့နယ်တွင် လူသုံးကုန်ပစ္စည်းများကို ဗိုလ်ချုပ်ပုံပါပိုက်ဆံဖြင့် လာရောက်ဝယ်ယူပါက  ထက်ဝက်ဈေးဖြင့် ရောင်းချပေးလျက်ရှိ
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ဗိုလ်ချုပ်ပုံပါပိုက်ဆံများ ထုတ်ဝေသုံးစွဲခြင်းကို ဂုဏ်ပြုသောအားဖြင့် လူသုံးကုန်ပစ္စည်းများကို ဗိုလ်ချုပ်ပုံပါပိုက်ဆံဖြင့် လာရောက်ဝယ်ယူပါက   ပစ္စည်းတန်ဖိုး၏ ထက်ဝက်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။
ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာ၌ ဆိုလာစနစ်ဖြင့်မီးရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျောက်တောကျေးရွာ၌ ICB-3တွင် NEP စီမံကိန်း တစ်အိမ် သုံးဆိုလာစနစ် (Solar Home System)ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  တာဝန်ရှိသူများက ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အစ္စရေးနိုင်ငံသံအမတ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ တွေ့ဆုံ
ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးမှ အစ္စရေးနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး MRCCI ဦးဥက္ကာကျော်က သံအမတ်ကြီးကို အမှတ်တရလက်ဆောင်ပေးအပ်သည်။ 
မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်နှစ်သစ်ကူးပွဲတော်ကျင်းပရေး အကြိုစာနယ်ဇင်းမိတ်ဆက်
တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် တရုတ်ယဉ်ကျေးမှုအဖွဲ့ (၁၃) ဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲနှင့် တရုတ်ရိုးရာအစားအသောက်များနှင့် စတုဒိသာကျွေးမွေးပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ၄နာရီမှ ည၁၁နာရီ အထိ  မင်္ဂလာမန္တလေးတွင်ကျင်းပမည် ဖြစ်သည်။ အများပြည်သူများ လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်ရန် ကျင်းပရေးအဖွဲ့က ဖိတ်ခေါ်ထားကြောင်းသိရသည်။