ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိမ်းကြီး ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော အထက (၁)ရွှေပြည်သာ၊ အထက(၂)လှိုင်သာယာ၊ အထက(၃) မင်္ဂလာဒုံ၊ အထက တော်လန်း (ကွမ်းခြံကုန်း)ကျောင်းများ၏ ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အောင်မြေသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၉၀ဝ)ကျော်အတွက် လူမှုရေးပင်စင်ငွေများ ပေးအပ်
အောင်မြေသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၉၀ဝ)ကျော်အတွက် လူမှုရေးပင်စင်ငွေများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များအတွက် နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ်သင်တန်းဖွင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကျင်းပသော ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များအတွက် မှန်ကန်သော ရွေးချယ်မှုကို ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်ရန်၊ နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အောက်မေ့ဘွယ်ဓမ္မာရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်း မကြာမီပြီးစီးတော့မည်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂ ရက်နေ့က စတင်ကာ မြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း ၁၅ ကွက်အား ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။