မန္တလေးမြို့တွင် ပန်းချီဆရာ လွင်လွင်ကျော်၏ (၇)ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပ
မန္တလေးဒေသခံ ပန်းချီဆရာလွင်လွင်ကျော်၏ (၇)ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် Mandalay Yatanar Mall ရှိ SMART Art Gallery တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။







