ထားဝယ်မြို့၌ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ
အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (တနင်္သာရီ)နှင့် မျိုးသိန်းအီလက်ထရောနစ် ကုမ္ပဏီ (TCL)တို့ ပူးပေါင်း၍ ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်း၊ ကမ္ဘောဇ ဘဏ်အနီး၌ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခဲ့






