သထုံ၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြု ဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
လမ်းမကြီးထက် ဒို့ချီတက် မှတ်တမ်းရုပ်သံဇာတ်လမ်းထုတ်လွှင့်ခြင်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ
လမ်းမကြီးထက် ဒို့ချီတက် မှတ်တမ်းရုပ်သံဇာတ်လမ်း ထုတ်လွှင့်ခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Rosewood Hotel ၌ ကျင်းပသည်။
စာအုပ်တစ်သန်းကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် စာပေဝါသနာရှင်များနှင့် စာပေချစ်သူများ စိတ်ဝင်တစား လာရောက်ဝယ်ယူ
အင်္ဂလိပ်ဘာသာ စာအုပ်တစ်သန်းကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် (The Big Bad Wolf) ကို ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza  Myanmar Expo Hall ၌ ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိရာ စာပေဝါသနာရှင်များနှင့် စာပေချစ်သူများ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့၌ မြို့မစည်ပင်သာယာဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေး မီးဘေးကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်၊၊
ကမ္မတိုက်နယ်ဆေးရုံတွင် Myanmar American Medical Education Society မှ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Myanmar American Medical Education Society တို့ပူးပေါင်း၍ ကမ္မမြို့၊ ကမ္မတိုက်နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီမှစ၍ အခမဲ့ ကွင်းဆင်းဆေးဝါကုသမှုများ ပြုလုပ်ကြသည်။
မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲ မန္တလေးတွင် ကျင်းပမည်
ဒုတိယအကြိမ်မြောက် မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲကို ဇန်နဝါရီ (၁၇၊ ၁၈၊ ၁၉) ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့ (၈၄) လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမဆောင်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MAB ဆေးရောင်ခြယ် Run ပွဲတော်အတွက် စာနယ်ဇင်းအပ်နှံပွဲ ကျင်းပ
MAB ဆေးရောင်ခြယ် Run ပွဲတော်အတွက် စာနယ်ဇင်းအပ်နှံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Hilton Hotel တွင် ကျင်းပခဲ့သည်။