ကျောက်ပန်းတောင်းမြို့နှင့် (၃၆)မိုင်ကျော်ဝေးကွာသည့် ကန်နှစ်ဆင့်ကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အုံ့မှိုးရိုးကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခွဲက အဆိုပါကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာအနီး ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။






