အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများ လေ့လာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။
မုံးကိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယမန်နေ့မှစတင်၍ မုံးကိုးမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် တာချင့်ကျေးရွာတို့၌ ကွင်းဆင်းဆောင်ရွက်သည်။
ခြေတု၊ လက်တု တပ်ဆင်လိုသူများကို ကျိုင်းတုံမြို့အထိ ပို့ဆောင်ပေးခြင်းနှင့် တပ်ဆင်ပေးခြင်းများကို အခမဲ့ကူညီပေးလျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အခြေစိုက်၊ ကြက်ခြေနီအသင်းမှ အကြောင်းအမျိုးမျိုးကြောင့် ခြေ၊  လက်အင်္ဂါ ချို့ယွင်းသူများကို ကျိုင်းတုံမြို့၌ တည်ရှိသည့် ခြေတု၊ လက်တုစက်ရုံသို့ အခမဲ့ပို့ဆောင်ပေးခြင်းနှင့် ခြေတု၊ လက်တုများ အခမဲ့တပ်ဆင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်နန်းမွေဖောင်က ပြောသည်။
စတုတ္ထအကြိမ် မြန်မာ−ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော် ဂုဏ်ပြုကြိုဆိုခြင်း ညစာစားပွဲ အခမ်းအနား ကျင်းပ
(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်၊ စတုတ္ထအကြိမ် မြန်မာ−ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်အား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ည ၆ နာရီခွဲက လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပခဲ့ပြီး စိန်နားပန်မီးပုံပျံနှင့် မီးပုံးပျံငယ်အလုံး(၂၀၀) လွှတ်တင်ခဲ့သည်။
ဖားကန့်၌ မြေစာပုံနှစ်နေရာပြိုကျ၍ ဘက်ဟိုးနှစ်စီးနှင့် လူတစ်ဦးပျောက်ဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်၌ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက မြေစာပုံနှစ်နေရာပြိုကျခဲ့၍ ဘက်ဟိုးနှစ်စီးနှင့် လူတစ်ဦးပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖာပွန်ခရိုင်ကလေးစာပေပွဲတော်တွင် ဖာပွန်ခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ လာရောက်လေ့လာသူများဖြင့် စည်ကားနေ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖာပွန်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီခွဲက ဖာပွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ထီးချိုင့်မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေး
မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။