နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့၊ တောမီးနှင့် အကြောင်းအမျိုးမျိုးကြောင့် အခြားမီးလောင်ကျွမ်းမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြော
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကွမ်သဲကျေးရွာတွင် ပြုလုပ်ခဲ့သည်။






