လားရှိုးမြို့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ အမျိုးသားအမျိုးသမီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (ပထမ)အကြိမ် ဆုပေးပွဲကျင်းပ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ ခန်းမသစ်၌ တက္ကသိုလ်ပေါင်းစုံ အမျိုးသားအမျိုးသမီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (ပထမ)အကြိမ် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် တက်ရောက်ခဲ့သည်။






