ဆီဆိုင်မြို့နယ်တွင် ကျေးရွာအရောက် ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဟော်တောင်ကျေးရွာတွင် ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အသက် ၆ လမှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက အဆိုပါ ကျေးရွာဓမ္မရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရ
ငဖဲမြို့နယ်၊ စာတတ်ကူကျေးရွာတွင် အစာဆိပ်သင့်မှုဖြစ်ပြီး လူ ၂၂၆ ဉီးခန့် အော့အန်ဝမ်းလျှော
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု၊ စာတတ်ကူကျေးရွာတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက  ရှင်ပြုအလှူမှ ကျွေးမွေးသော အစားအစာကို စားမိရာမှ ကျေးရွာပြည်သူ (၂၀ဝ)ကျော် အစာအဆိပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရ
ကာမိုင်းမြို့၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကို ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြည်သူ့အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့
အမျိူးသားခေါင်းဆောင်ကြီး ‌ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဈေးမိသားစုမှ စတုဒိသာ ထမနဲ(၅၅)ဒယ် လှူဒါန်းမည်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဈေးမိသားစုမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့တွင် စတုဒိသာ ထမနဲ (၅၅)ဒယ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် သပြေကုန်းအဝိုင်းအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပြခန်းတွင် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲကို ကျင်းပမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်ပြခန်းကို ယနေ့မှ စတင်ခင်းကျင်းပြသလျက် ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီးဒေါ်ချိုချိုတို့က ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကျင်းပ
2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကို ယနေ့၊ နံနက် (၁၀:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဉီးဆောင်၍ ကျင်းပခဲ့ပါသည်။