ပူတာအို-နမ်ထွမ်ခူးလမ်း(၁၄)မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ပူတာအို-နမ်ထွမ်ခူးလမ်း(၁၄)မိုင် မြေ သားလမ်းကို ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ခင်းခြင်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ရာ ဖေဖော်ဝါရီ(၁၃)ရက်တွင် ကျောက်ချောလမ်း ဖောက်လုပ်ခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။







